အရေပြားနှင့် ဆံပင်ပြဿနာများ

ကြုံတွေ့နေရသော အသားအရေပြဿနာများကို
ဆရာနှင့် တိုင်ပင်ဆွေးနွေးပါ

အသားအရေ သို့မဟုတ် ဆံပင်တွင် ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပါက Dr. Naing နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည် ဘယ်ကုသမှုကို ရွေးရမလဲဆိုတာ ကြိုသိထားစရာ မလိုပါ

ရက်ချိန်းယူရန်
အသားအရေစောင့်ရှောက်မှုကို ကိုယ်စားပြုသော ပုံရိပ်

ဆွေးနွေးတိုင်ပင်နိုင်သော အကြောင်းအရာများ

ဘယ်လို အသားအရေပြဿနာတွေအတွက် တိုင်ပင်လိုပါသလဲ

အောက်ပါအကြောင်းအရာများထဲမှ ကြုံတွေ့နေရသည့် ပြဿနာအလိုက် ရက်ချိန်းယူပြီး ပြသနိုင်ပါသည်

01

ဝက်ခြံနှင့် ဝက်ခြံနောက်ဆက်တွဲ ပြဿနာများ

လက်ရှိဖြစ်နေသော ဝက်ခြံနှင့် ဝက်ခြံကြောင့်ကျန်ခဲ့သည့် အမာရွတ်များကို သေချာစစ်ဆေးပြီး အသင့်တော်ဆုံး ကုသမှုနည်းလမ်းကို ဆရာနှင့် တိုင်ပင်နိုင်ပါသည်

02

တင်းတိပ်၊ အမဲစက်နှင့် အသားအရောင် မညီညာခြင်း

တင်းတိပ် (Melasma)၊ Pigmentation နှင့် အမဲစက်များသည် ဖြစ်ပေါ်ရသည့် အကြောင်းရင်းပေါ် မူတည်၍ ကုသပုံ မတူညီပါ ကုသမှုမစတင်မီ အသားအရေအခြေအနေနှင့် ရရှိနိုင်မည့် ရလဒ်ကို ဆရာနှင့် အရင်ဆွေးနွေးနိုင်ပါသည်

03

ချိုင့်ခွက်အမာရွတ်နှင့် Keloid (အသားပိုအမာရွတ်)

အမာရွတ်အမျိုးအစားနှင့် အခြေအနေပေါ် မူတည်၍ ကုသရမည့် နည်းလမ်းများ ကွာခြားနိုင်ပါသည်

04

အဆီပြန်ခြင်း၊ အသားခြောက်ခြင်းနှင့် ထိခိုက်လွယ်သော အသားအရေ

လက်ရှိသုံးနေသော Skincare ပစ္စည်းများ၊ မတည့်သည့်ဆေး (Allergy) ရှိမရှိ၊ သောက်နေသော ဆေးဝါးများနှင့် ယခင်ကုသခဲ့ဖူးသည့် မှတ်တမ်းများကို ဆရာ့အား ပြောပြဆွေးနွေးနိုင်ပါသည်

05

ဆံပင်နှင့် ဦးရေပြား ပြဿနာများ

ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားပြဿနာများနှင့် အခြားအရေပြားလက္ခဏာများအတွက် လိုအပ်သော စစ်ဆေးမှုနှင့် ကုသမှုအကြံပြုချက်များ ရယူနိုင်ပါသည်

06

အလှအပရေးရာနှင့် အသားအရေ ကြည်လင်ဝင်းပရေး

Botox၊ Filler၊ Skin Booster၊ Gluta နှင့် အခြားအလှအပရေးရာ ဝန်ဆောင်မှုများအကြောင်း မေးမြန်းတိုင်ပင်နိုင်ပါသည် ကုသမည့်နည်းလမ်း၊ အသားအရေနှင့် သင့်တော်မှု ရှိမရှိနှင့် သတိပြုရမည့် အချက်များကို Dr. Naing နှင့် အရင်တိုင်ပင်ပါ

ပြသရန် အဆင့် (၃) ဆင့်

ရက်ချိန်းယူပြီး ဆရာနှင့် တိုင်ပင်ဆွေးနွေးပါ

01

ရက်ချိန်းယူပါ

Picktime တွင် ပြသလိုသော ဆေးခန်းတည်နေရာနှင့် ရယူနိုင်မည့် ရက်ချိန်းကို စစ်ဆေးပါ

02

လက္ခဏာများကို ပြောပြပါ

ကြုံတွေ့နေရသော လက္ခဏာများ၊ သုံးနေသော ပစ္စည်းများနှင့် ယခင်ကုသမှုများကို ဆရာ့အား ပြောပြပါ

03

ကုသမှုနည်းလမ်းကို တိုင်ပင်ပါ

အသားအရေအတွက် အသင့်တော်ဆုံးဖြစ်မည့် ကုသမှုနည်းလမ်းကို ဆရာနှင့်အတူ တိုင်ပင်ဆုံးဖြတ်ပါ

စတင်မေးမြန်းလိုပါသလား

သိလိုသည်များကို စတင်မေးမြန်းနိုင်ပါသည်

ဤစာမျက်နှာပါ အချက်အလက်များသည် အထွေထွေဗဟုသုတအတွက်သာ ဖြစ်ပြီး ရောဂါရှာဖွေကုသမှုအတွက် ဆရာနှင့် တိုက်ရိုက်ပြသစစ်ဆေးရန် လိုအပ်ပါသည်

Picktime မှ ရက်ချိန်းယူရန်

Messenger · Viber

ရက်ချိန်းယူရန်အကူအညီရယူရန်